Yanfei
မင်္ဂလာပါ Traveller များခင်ဗျာ
Zhongli Banner ပွင့်တာ ၅ရက်လောက်ရှိပြီဆိုတော့ Traveller များ Zhongli မရရင်တောင် Yanfei ကိုတော့ရကြပြီလို့ယုံကြည်ပါတယ်။ ဒါကြောင့်ဒီ Post မှာ Yanfei ရဲ့ Weapon, Artifacts နဲ့ သူ့ရဲ့ ဆော့ပုံဆော့နည်းလေးတွေကိုပြောပြသွားပါမယ်။
Yanfei အကြောင်း>>>>
Yanfei ရဲ့ Character Story ကတော့ Liyue ရဲ့ ဥပဒေအကြံပေး တယောက်ဖြစ်ပါတယ်။ Yanfei က 4 Star Pyro(မီး) Catalyst(မှော်) ဖြစ်ပါတယ်။ Yanfei က DPS Character တယောက်ဖြစ်ပြီး သူ့မှာ Background(Support) Skills မရှိပါဘူး။ Yanfei က 4 Star Character ထဲမှာ Damage ကအတင့်အသင့် အဆင့်တန်းမှာရှိပါတယ်။ Yanfei ရဲ့ အဓိက Damage ယူတဲ့နည်းလမ်းက Klee, Ningguang တို့နဲ့တူပါတယ်။ Plunge Attack(Long Press) နဲ့ပဲ Damage ယူရတာပါ။ Yanfei ကတော့ DPS လုပ်လို့ရတာကြောင့် New Player တွေအရှေ့ပိုင်း DPS မရှိရင်သူ့ကို DPS အဖြစ်ကောင်းကောင်း Build နိုင်ပါတယ်။
Yanfei ကို DPS လုပ်လိုပါက Con1 တော့အနည်းဆုံးရှိမှ ဆော့ရတာသက်သာပါမယ်။

နောက်တခုပြောစရာကတော့ Yanfei Plunge Attack(Long Press) လုပ်နေစဥ် Toggle လုပ်တာတို့၊ Attack လုပ်ခံရတယ် ဆိုရင် Plunge Attack(Long Press) ပြတ်သွားပါတယ်။ ဒါကြောင့် Yanfei သုံးရင် Shield Character တယောက်ဆောင်ထားတာက ပိုပြီးတော့ကောင်းပါတယ်။

Yanfei ၏ Weapon အကြောင်း>>>>
Yanfei ရဲ့ Weapon တွေကတော့အောက်မှာပြထားတဲ့ပုံတွေအတိုင်းတပ်လို့ရပါတယ်။ 5 Star ရှိရင် 5 Star ဦးစားပေးတပ်ပါ။ 5 Star မရှိရင်တော့ 4 Star ထဲက Weapon Smith မှာ Craft လို့ရတဲ့ Mappa Mare ကိုသုံးနိုင်ပါတယ်။ Mappa Mare က Reaction ဖြစ်မှ Damage တိုးပေးနိုင်မှာဖြစ်တဲ့အတွက် Reaction Flow ဆော့တဲ့သူတွေနဲ့လိုက်ဖက်ပါတယ်။ Mappa Mare ကိုမသုံးချင်ရင်လည်း ကျန်တဲ့ 4 Star ထဲကရှိရာကိုသုံးနိုင်ပါတယ်။


Yanfei ၏ Artifacts အကြောင်း>>>>
Yanfei ရဲ့ Artifacts အနေနဲ့တော့ AR 30 အောက် ဆိုရင် Instructor 4 Set နဲ့ Martial Artist 4 Set ကိုသုံးလို့ရပါတယ်။ မရှိရင်လည်း Instructor 2 Set + Martial Artist 2 Set ကိုသုံးလို့ရပါတယ်။ Instructor Set ကတော့ Reaction Damage တွေကိုတိုးစေပြီး Martial Artist Set ကတော့ Normal Attack နဲ့ Plunge Attack Damage ကိုတိုးစေပါတယ်။
AR 30 အထက်အနေနဲ့ Artifacts တွေကတော့ Wanderer's Troupe 4 Set သို့ Crismon Witches of Flames 4 Set ကိုတပ်လို့ရပါတယ်။ ဒါပေမယ့်ကျွန်တော့်အနေနဲ့ Crismon Witches of Flames 4 Set ကိုပိုအားပေးပါတယ်။ ရှေ့ပိုင်း 4 Set မရှိရင်တော့ Crismon Witches of Flames 2 Set + Wanderer's Troupe 2 Set ကိုအရင်တပ်ထားလို့ရပါတယ်။ Crismon Witches Of Flames Set ကတော့ Pyro Damage နဲ့ Reaction Damage တွေကိုတိုးစေပါတယ်။ Wanderer's Troupe Set ကတော့ Elemental Mastery ကိုတိုးပေးပါတယ်။
ဦးထုပ် (Circlet of Logos) တွင်


Weapon တွင် Crit Rate ပါပြီးပါက Crit DMG ကိုတပ်ပါ။ Weapon တွင် Crit Rate မပါဘူးဆိုရင်တော့ Crit Rate ကိုတပ်ပါ။
ရေခွက် (Goblet of Eonothem) တွင်


အကောင်းဆုံးကတော့ Pyro DMG Bonus % ကိုတပ်ပါ။ မရှိရင်လည်း ATK% ကိုခဏတပ်ထားလို့ရပါတယ်။
နာရီ (Sands of Eons) တွင်





Comments
Post a Comment