Childe
Childe ကအနီးအဝေးနှစ်မျိုးသုံးလို့ရတဲ့ Character တယောက်ပါ။ အခု Version ထဲမှာအနီးအဝေးသုံးရတာဆိုလို့သူတယောက်ပဲရှိပါသေးတယ်။ ပြီးကျရင်သူက AOE Damage လည်းရှိတယ်။ အချိန်တိုအတွင်း Damage အများကြီးပေးနိုင်တဲ့ Character တယောက်ပါ။ဒါကတော့သူရဲ့ကောင်းချက်တွေပေါ့။
ချွင်းချက်လည်းရှိပါတယ်။ Skill Cooldown အရမ်းကြာတယ်(0 Constellation)။ Childe က Constellation အရမ်းစားတဲ့ Character တယောက်ဖြစ်တယ်။ Constellation 6 Star ပြည့်မှသူကပြည့်စုံတဲ့ Character တယောက်ဖြစ်တယ်။ Constellation ရှိမှ Cooldown မြန်တာပါ။ Constellation 6 Star ပြည့်အောင်လုပ်တဲ့ဆရာကြီးတွေလည်းရှိတာပေါ့ ဒါပေမယ့်အခုကရိုးရိုးသူလေးတွေအတွက်ပြောပြတာပါ။ Cooldown ကြာတဲ့ကိစ္စကို Co-DPS တယောက်ထည့်ရင်အဆင်ပြေသွားပါတယ်။ နောက်ပြီးတော့ Hydro အတွက် Artifacts ကနောက် Version 1.2 မှပေါ်မှာဖြစ်တဲ့အတွက်အခု Childe Player တွေအတွက်အကောင်းဆုံး Artifacts ကတော့ Nobleless Oblige 2 Set + Gladiator's Finale 2 Set ဖြစ်ပါတော့တယ်။ Nobleless Oblige 4 Set တပ်ထားလို့ရပါတယ်။
ဦးထုပ် (Circlet of Logos) တွင်
ATK 1K ကျော်ရင် Crit DMG တပ်ပြီး Crit DMG 100% ကျော်အေါင်လုပ်ပါ။ Crit DMG 100%ကျော်ပါက Crit Rate ကိုတပ်ပြီး Crit Rate ကို 50% လောက်ထိတင်ထားလိုက်ပါ။
ရေခွက် (Goblet of Eonothem) တွင်
အကောင်းဆုံးကတော့ Hydro DMG Bonus % ကိုတပ်ပါ။ မရှိလျှင် ATK% (သို့) Physical DMG Bonus% ကိုတပ်ပါ။
နာရီ (Sands of Eons) တွင်
Character ကိုင်ထားသော Weapon တွင် Energy Recharge % ပါရှိပါက ATK% ကိုတပ်ပါ။ Energy Recharge ဟာ Skill အကြီးကိုပဲမြန်မြန်ပြည့်စေတာပါ။ Cool Down ကိုမမြန်စေပါဘူး။ Elemental Reaction (eg: Overload, Super Conduct, Melt, etc. ) ဆော့လေ့ရှိသူများ အနေနဲ့တော့ Elemental Mastery ကိုတပ်ပါ။
#GenshinImpactMyanmar
#GenshinImpact
#Tartaglia
Comments
Post a Comment